Tuesday, December 24, 2013

အာမခံအတွက်စဉ်းစားမိတာ





ကျနော်တို့မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ ယာဉ်စီးဆင်းမှု့တွေနဲ့အတူ ယဉ်မှတ်ပုံတင်မှု့နဲ့ အာမခံကို လုပ်ငန်းတွေကို တိုးတက်လုပ်ကိုင်သင့်တယ်လို့ ကျနော်မြင်မိပါတယ်..။ အကြောင်းအချက်တွေက ဒီလိုပါ..။ အခုဆိုရင် ယဉ်မှတ်ပုံတင်ရာမှာ လိုအပ်တဲ့ အာမခံအဖြစ် မြန်မာ့အာမခံတစ်ခုသာ တွင်တွင်ကြယ်ကြယ်လုပ်နေပြီး. အာမခံကြေးကလဲ အရင်သတ်မှတ်ချက်နဲ့ပဲရှိနေပါတယ်..။ အာမခံက တကယ် ပေးလျှော်မှု့ရှိပေမဲ့ ယဉ်ပိုင်ရှင်အများစုကတော့ အာမခံကို မှတ်ပုံတင်ဘို့ မရှိမဖြစ်တစ်ခုအဖြစ်ပဲ အသုံးပြုနေကြပါတယ်.။ အခုချိန်မှာ ကားစီးနိုင်သူ များလာတာ ယဉ်များလို့လမ်းတွေကျပ်တောက်ရာကနေဖြစ်ပေါ်လာမယ် ပွန်းပဲ့ ထိခိုက်မှု့တွေအတွက် တကယ်ထိရောက်တဲ့ အာမခံတစ်ခုရှိသင့်တယ်လို့ ထင်မြင်မိပါတယ်..။ မြန်မာ့အာမခံလုပ်ငန်းတစ်ခုထဲကနေ လုပ်နေတာမဟုတ်ပဲ အခု ဖွင့်ဖြိုးစပြုနေပြီးဖြစ်တဲ့ ဘဏ်တွေကပါ ( ကညန ) ရုံးမှာ ကောင်တာလေးတွေဖွင့်ပြီး အာမခံရောင်းချသင့်ပါပြီ..။ ကားအာမခံရဲ့နုံးထားကိုလဲ အခု သက်မှတ်ပြီးဖြစ်တဲ့ မော်တော်ယဉ်ရဲ့ CIF နုံးထားပေါ်မှာ ရာနုံးသက်မှတ်ပြီးကောက်ခံနိုင်ပါတယ်..။ အပိုင်းလေးတွေခွဲပြီး ကျနော် တွေးကြည့်ဖြစ်တာလေးတွေပါ..။
          တစ်က မော်တော်ယဉ် မှတ်ပုံတင် မှု့ပါ..။ အခုလက်ရှိမှတ်ပုံတင်စနစ်မှာ ယဉ်ပိုင်ရှင် ကွဲလွဲမှု့များစွာရှိနေတာ အားလုံးအသိပါပဲ..။ ဆိုလိုတာက ပိုင်ရှင်တစ်ယောက် ကညန ရုံးမှာ ပိုင်ရှင်နာမယ်ပေါက်တာကတစ်ယောက်အဲသလိုပါ..။ အဲသလိုဖြစ်နေရချင်းအကြောင်းကတော့ ရှုပ်ထွေးနေသေးတဲ့ အခွန်စနစ်ကြောင့်လို့ ထင်မိပါတယ်.။ ကျနော်တစ်ဦးတည်းအမြင်ရတော့ ကားတစ်စီးကို တင်သွင်းစဉ်ကာလမှာ အခွန်စည်းကျပ်သင့်ပြီး မည်သူ့နာမယ်ဖြစ်စေ မှတ်ပုံတင်ပြီးတာနဲ့ ကားတွက် အခွန်မရှိတော့ပဲ မှတ်ပုံတင်ခ လို့ခေါ်နိုင်မဲ့ မြန်မာပြည်အခေါ် ဘီးခွန်ကိုသာကောက်သင့်ကြောင်းပါ..။ ကားတစ်စီးကိုပိုင်ရှင်နာမယ်ပြောင်းချင်ရင် ကျနော်သိတဲ့နှစ်ပိုင်းတွေအထိ အခွန်စိမ်းဝါပြာ စသဖြင့် ရှုပ်ထွေးနေပါသေးတယ်..။ (ယခု အချေအနေ မသိပါ) ..။ ဖြစ်စေချင်တာက ကားပိုင်ရှင်ကိုတိုင် ကားနာမယ်ပေါက်နေဖို့ပါပဲ..။ ၀င်ငွေခွန်လို မျိုးကို ကားပိုင်ဆိုင်မှု့နဲ့တွဲပြီးဖြေရှင်းတာမျိုး မလုပ်သင့်ပဲ သက်သက်တချားနည်းလမ်းတွေနဲ့ဖြေရှင်းသင့်ပါတယ်..။ အရင် ကျနော်သိခဲ့တဲ့ အချိန်အထိ ကား ပေါ်ကိုရာဖြက်ပြီး နာမယ်ပြောင်းချင်ရင်အခွန်ထပ်ဆောင်ရတာမျိုးကိုဆိုလိုတာပါ.။ အဲဒီလိုလုပ်မဲ့အစား ကားဘီးခွန်ကို အခုထက်ရာနုံးတစ်ခုတိုးမြင့်ကောက်ခံနိုင်ပါတယ်..။ အခု ကျတော်ရှိနေတဲ့ ယူအေအီးနိုင်ငံမှာဆိုရင် စနစ်သိပ်ကျတယ်လို့ပြောလို့မရပေမဲ့ ကားကို တင်သွင်းစဉ်မှာ အခွန်ကောက်ယူထားပြီး နောက်ဘယ်သူ ပိုင်ပိုင် ထပ်ပြီး အခွန်ဆောင်ရတာမျိုးမရှိပါဘူး အဲဒါအစား ဘီးခွန် မှတ်ပုံတင်ခ ယူထားပါတယ်..။ အဲဒီမှတ်ပုံတင်ခအချိုးအစားကိုလဲ လက်ရှိသက်မှတ်ပြီးသား CIF ပေါ်မှာ ရာနှုးံတွက် ကောက်ခံနိုင်တာကြောင့် ကားတန်ဘိုးကိုရာဖြက်ရမယ့်ကိစ္စလဲသက်သာနိုင်ပါမယ်.။ ယဉ်မှတ်ပုံတင်သက်တန်းတိုးချိန်မှာ တစ်နှစ်စာ မှတ်ပုံတင်ခကိုကောက်ခံထားလိုက်ပြီး တစ်နှစ်သက်တမ်းမကုန်ခင်အထိ ဘယ်သူပိုင်ပိုင် ဘယ်သူနာမယ်ပြောင်းပြောင်း နာမယ်ပြောင်းခတစ်ခုကို သက်မှတ်ကောက်ခံသင့်ပါတယ်..။ ဒါဆိုရင် ကားကိုဝယ်လိုက်ရောင်းလိုက်တိုင်းမှာ ပိုင်ရှင်တွေဟာ နာမယ်ပြောင်းကြမှာဖြစ်ပါတယ်.။ မှတ်ပုံတင်ထားတဲ့နှစ်မကုန်ခင်အထိ မှတ်ပုံတင်ကြေးထပ်မကောက်ပဲ နာမယ်ပြောင်းခကို နောက်ထပ် ယူတာမျိုးပါ..။  ယဉ်မှတ်ပုံတင်သက်တမ်းက အရင်အတိုင်း အရင်ပိုင်ရှင်လက်ထက်ကအတိုင်းရှိနေမှာဖြစ်ပါတယ်..။ ဒါ့ကြောင့် အပန်းမကြီးတဲ့နာမယ်ပြောင်းခနဲ့ အဲသလိုလုပ်ပေးနိုင်မယ်ဆိုရင် ယဉ်တော်တော်များများဟာ သူ့တကယ့်ပိုင်ရှင်နာမယ်နဲ့ ရှိနေမှာဖြစ်ပါတယ်..။ ဒါက အာမခံကိစ္စအတွက်လွယ်ကူစေမဲ့ ရှိရမယ့်အခြေခံတစ်ခုပါပဲ..။ အခုဆိုရင် စတင်တိုးတက်လာပြီးဖြစ်တဲ့ ဆက်သွယ်ရေး အရ လက်ကိုင်ဖုံးတွေလဲ ပေါလာတယ်လို့ဆိုလို့ရပါတယ်..။ယဉ်ရဲ့ တခုခု အကြောင်းအရာ ဥပမာ ပြစ်ဒဏ် ဖြစ်ချင်းတွေကို လက်ကိုင်ဖုန်းတဲကို မက်စစ် ပို့ပေးနိုင်ပါတယ်။  ယဉ်စီးကမ်းအတွက်မှတ်သား ဖမ်းဆီးရေးလုပ်တဲ့အခါမှာလဲ ပိုင်ရှင်ကိုတိုင်နာမယ်ပေါက် ထားတဲ့အတွက်ဖြေရှင်းလွယ်ကူစေမှာပါ..။ အလွယ်တကူနားလည်ရလွယ်အောင် ရှင်းပြရရင်.. ကား မှတ်ပုံတင်တစ်ခုမှာ နံပတ်သုံးခုပါပါတယ်..။ တစ်က အာမခံနံပတ်ပါ..။ နှစ်က ယဉ်ထိန်းရဲနဲ့ဆိုင်တဲ့ နံပတ်ပါ..။ သုံးက ယဉ်မှတ်ပုံတင် ကားနံပတ်ပါ..။ အဲသလိုပါ..။ အာမခံကုပဏီက အာမခံရောင်းချပြီးနောက် အာမခံ နံပတ်တစ်ခုကို ပေလိုက်ပါတယ်..။ ဒါကို ယဉ်မှတ်ပုံတင်ကက်ပြားမှာ တစ်ခါထဲ ပုံနိပ်ပါရှိပါတယ်..။ တစ်နှစ်သက်တမ်းစာပါ..။ ယဉ်ထိန်းရဲနဲ့ဆိုင်တဲ့နံပတ်က ကညန မှာမှတ်ပုံတင်လိုက်ပြီဆိုရင် ယဉ်စည်းကမ်းထိန်းသိန်းရေးကို ကားဒေတာပေးလိုက်ပါတယ်..။ အဲဒီမှာ ယဉ်စည်းကမ်းထိန်းသိန်းရေးက ကားဒေတာကိုမှတ်ထားတဲ့ ဖိုင်နံပတ်ပါ..။ ကားက ပစ်မှု့တစ်ခုဖြစ်ခဲ့ပြီဆိုရင် အဲဒီ ဖိုင်တွဲမှာ ထပ်တွဲထားပါတယ်..။ နာမယ်ပြောင်းမယ်ဆိုရင် အရင်နာမယ်ကရှိပြီးသား ပစ်ဒဏ်ကြွေးတွေကို အကြေရှင်းရပါတယ်..။ မကြေသေးပဲ နာမယ်ပေးမပြောင်းပါဘူး..။ အဲသလိုနဲ့ နာမယ်ပြောင်းလိုက်တိုင်းမှာ ယဉ်စည်းကမ်းထိန်းသိန်းရေး က ငါးဆင့်အထိမှတ်ထားပေးပါတယ်..။ ငါးဆင့်နောက်က နာမယ်တွေကိုဖျက်ပစ်လိုက်ပါတယ်..။ ယဉ်မှတ်ပုံတင်နံပတ်ကတော့ ကားနံပတ်ပါ..။ ကညန ထုပ်ပေးတဲ့ ကားရဲ့ ပလိတ်နံပတ် ကားနံပတ်ပါ..။ ကားတစ်စီးအတွက် အာမခံ စာအုပ် ယဉ်ပိုင်ဆိုင်မှု့စာအုပ် ယဉ်သက်သေခံကဒ်ပြား အဲသလို အထောက်အထားအများကြီးမလိုတော့ပဲ ယဉ်မှတ်ပုံတင် ကပ်ပြားတစ်ခုထည်းနဲ့ ပြီးပါတယ်.။
လက်ရှိအဲဒီစနစ်သုံးနေပြီးဖြစ်တဲ့ နိုင်ငံတွေမှာ ယဉ်မှတ်ပုံတင်ဘို့ အထောက်အထားအနေနဲ့လိုအပ်ချက်တွေက ဒီလိုပါ..။
တစ် ….. ယဉ်ပိုင်ရှင်ဖြစ်လိုသူ၏ မှတ်ပုံတင် ၊ နှစ် ယဉ်ပိုင်ရှင်ဖြစ်လိုသူ၏ လိုင်စင် (သို့မဟုတ်ယဉ်ကိုမောင်းနှင်မည့်သူ) ၏လိုင်စင် ၊ သုံး ယဉ်အား ကြံခိုင်ကြောင်း စစ်ဆေးထားသော ယဉ်ထောက်ခံချက် ၊ လေး ယဉ်ပိုင်ရှင်ဖြစ်လိုသူမှ ၀ယ်ယူထားသော တစ်နှစ်စာ အာမခံ ၊ ဒါပါပဲ..။ မြန်မာနိုင်ငံမှာ အဲသလိုပဲလုပ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်.။
          နှစ် က အာမခံ အပိုင်းပါ..။ အာမခံလို့ပြောရာမှ တကယ် အာမခံပေးနိုင်တဲ့ အာမခံ ကုပဏီတွေအဖြစ် မြန်မာအာမခံနဲ့ လုပ်ငန်းလုပ်နိုင်တဲ့ဘဏ်တွေက လုပ်ဆောင်သင့်ပါတယ်.။ နိုင်ငံတကာမှာဆိုရင် အာမခံအပြင် ယဉ်တစ်နေရာရာမှာပျက်သွားခဲ့လာရောက်ဆွဲယူပေးမဲ့ ၀န်ဆောင်မှု့ကိုပါထည့်သွင်းရောင်းချနေကြပါသေးတယ်..။ အာမခံကုပဏီအနေနဲ့ မိမိကုပဏီ နဲ့ အလုပ်တွဲလုပ်ချင်တဲ့ ကားဝတ်ရှော့ ကားပြင်ဆိုင်တွေကို ပထမရှာရပါမယ်..။ တချားနိုင်ငံတွေမှာတော့ အာမခံ ကုပဏီကြီးတွေကိုတိုင် ကားဝတ်ရှော့ တွေဖွင့်ထားတာလဲရှိပါတယ်..။ မိမိကုပဏီက ထိခိုက်လာတဲ့ကားအတွက် အာမခံနံပတ်အတိုင်း သူဝယ်ယူထားတဲ့ အာမခံအမျိုးအစားအတိုင်း ပြုပြင်ပေးပါတယ်..။ ယဉ် သက်တမ်းကြောင့် ပြက်စီးတာတွေမပါပါဘူး..။ ထိခိုက်မှုကိုသာ အာမခံတာဖြစ်ပါတယ်..။ အာမခံကိုရောင်းချဖို့ တွက်ချက်ရာမှာ ကားတန်ဖိုး ကားမောင်းသူရဲ့လိုင်စင်သက်တမ်းနဲ့တွက်ပါတယ်..။ အကြမ်းဖြင်းပါ..။ ယဉ်မောင်းသူဟာ မှတ်ပုံတင်ထဲက ယဉ်မောင်းသူမဟုတ်ပဲ တချားသူဖြစ်နေခဲ့ရင် အာမခံ အပြည့်မရရှိပါဘူး..။ အာမခံတွေကိုလဲ မိမိမှားမှားမှန်မှန် ရရှိမဲ့ အာမခံ၊ မိမိ မှန်မှရရှိမဲ့အာမခံ ။ မိမိမှားတဲ့အခါ မိမိအားမခံအတွင်းမှ ထိခိုက်သူကို ပြုပြင်ပေးရော်ရတဲ့ အာမခံ စသဖြင့် ခွဲချားပြီး ဈေးနှုံးသက်မှတ်ရောင်းချပါတယ်.။ ကျနော်တို့ဆီမှာလုပ်ချင်တယ်ဆိုရင်လဲ ခက်မယ်မထင်ပါဘူး..။ လက်ရှိ ရှိပြီးသား CIF တန်ဖိုးကိုနဲ့ မှတ်ပုံတင်သူ ယဉ်မောင်းလိုင်စင်သက်တမ်းကိုကြည့်ပြီး အာမခံနှုံးတွက်ချက်နိုင်ပါတယ်..။ လိုင်စင်သက်တမ်းနုသူတွေက် အာမခံကြေး ပိုပေးရမှာဖြစ်ပါတယ်..။ ဒါကြောင့် သက်တမ်းနုယဉ်မောင်းတွေရဲ့ အမှားကိုလဲ ကာကွယ်ပြီးသားဖြစ်မှာပါ..။ ယဉ်ဟောင်းလာတာနဲ့အမျှ အာမခံကြေးကလဲ ပိုများလာပါတယ်..။ ထုပ်လုပ်ခုနှစ်ရဲ့ ဆယ်နှစ်အတွင်းဘယ်လောက် ဆယ့်ငါးနှစ်အတွင်း ဘယ်လောက် နှစ်ဆယ်နှစ်အတွင်းဘယ်လောက် စသဖြင့်ပါ..။ အဲဒါကြောင့် ယဉ်ပိုင်ရှင်တွေအနေနဲ့လဲ ပိုမို လတ်ဆပ်တဲ့ ယဉ်ကို ပြောင်းစီးဘို့ တွန်းအားဖြစ်စေပါတယ်။အရင်တချိန်က မြန်မာနိုင်ငံမှာ ကားတွေဟာ စီးပွားရေးကစားဘို့ ရင်းနှီးမြုတ်နှံဘို့ ရှိနေခဲ့တာရဲ့ ဆိုးမွေအဖြစ် ရှုတ်ထွေးတဲ့ အခွန်စနစ်တွေနဲ့ မရေရာတဲ့ ပိုင်ဆိုင်မှု့ပုံစံတွေကိုပြုပြင်ရင်း ကားဈေးကွက်ကိုလဲ တတ်နိုင်သလောက် ရာနုံးတစ်ခုအထိ ထိန်းချူပ်နိုင်ပြီး ယဉ်ပိုင်ရှင်တွေအနေနဲ့လဲ ထိရောက်တဲ့အာမခံစနစ်တစ်ခု ရရှိလာမယ်လို့  စဉ်းစားမိကြောင်းပါခင်ဗျား….။

ကိုဟန်….။

No comments:

Post a Comment