Tuesday, December 24, 2013

အာမခံအတွက်စဉ်းစားမိတာ





ကျနော်တို့မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ ယာဉ်စီးဆင်းမှု့တွေနဲ့အတူ ယဉ်မှတ်ပုံတင်မှု့နဲ့ အာမခံကို လုပ်ငန်းတွေကို တိုးတက်လုပ်ကိုင်သင့်တယ်လို့ ကျနော်မြင်မိပါတယ်..။ အကြောင်းအချက်တွေက ဒီလိုပါ..။ အခုဆိုရင် ယဉ်မှတ်ပုံတင်ရာမှာ လိုအပ်တဲ့ အာမခံအဖြစ် မြန်မာ့အာမခံတစ်ခုသာ တွင်တွင်ကြယ်ကြယ်လုပ်နေပြီး. အာမခံကြေးကလဲ အရင်သတ်မှတ်ချက်နဲ့ပဲရှိနေပါတယ်..။ အာမခံက တကယ် ပေးလျှော်မှု့ရှိပေမဲ့ ယဉ်ပိုင်ရှင်အများစုကတော့ အာမခံကို မှတ်ပုံတင်ဘို့ မရှိမဖြစ်တစ်ခုအဖြစ်ပဲ အသုံးပြုနေကြပါတယ်.။ အခုချိန်မှာ ကားစီးနိုင်သူ များလာတာ ယဉ်များလို့လမ်းတွေကျပ်တောက်ရာကနေဖြစ်ပေါ်လာမယ် ပွန်းပဲ့ ထိခိုက်မှု့တွေအတွက် တကယ်ထိရောက်တဲ့ အာမခံတစ်ခုရှိသင့်တယ်လို့ ထင်မြင်မိပါတယ်..။ မြန်မာ့အာမခံလုပ်ငန်းတစ်ခုထဲကနေ လုပ်နေတာမဟုတ်ပဲ အခု ဖွင့်ဖြိုးစပြုနေပြီးဖြစ်တဲ့ ဘဏ်တွေကပါ ( ကညန ) ရုံးမှာ ကောင်တာလေးတွေဖွင့်ပြီး အာမခံရောင်းချသင့်ပါပြီ..။ ကားအာမခံရဲ့နုံးထားကိုလဲ အခု သက်မှတ်ပြီးဖြစ်တဲ့ မော်တော်ယဉ်ရဲ့ CIF နုံးထားပေါ်မှာ ရာနုံးသက်မှတ်ပြီးကောက်ခံနိုင်ပါတယ်..။ အပိုင်းလေးတွေခွဲပြီး ကျနော် တွေးကြည့်ဖြစ်တာလေးတွေပါ..။
          တစ်က မော်တော်ယဉ် မှတ်ပုံတင် မှု့ပါ..။ အခုလက်ရှိမှတ်ပုံတင်စနစ်မှာ ယဉ်ပိုင်ရှင် ကွဲလွဲမှု့များစွာရှိနေတာ အားလုံးအသိပါပဲ..။ ဆိုလိုတာက ပိုင်ရှင်တစ်ယောက် ကညန ရုံးမှာ ပိုင်ရှင်နာမယ်ပေါက်တာကတစ်ယောက်အဲသလိုပါ..။ အဲသလိုဖြစ်နေရချင်းအကြောင်းကတော့ ရှုပ်ထွေးနေသေးတဲ့ အခွန်စနစ်ကြောင့်လို့ ထင်မိပါတယ်.။ ကျနော်တစ်ဦးတည်းအမြင်ရတော့ ကားတစ်စီးကို တင်သွင်းစဉ်ကာလမှာ အခွန်စည်းကျပ်သင့်ပြီး မည်သူ့နာမယ်ဖြစ်စေ မှတ်ပုံတင်ပြီးတာနဲ့ ကားတွက် အခွန်မရှိတော့ပဲ မှတ်ပုံတင်ခ လို့ခေါ်နိုင်မဲ့ မြန်မာပြည်အခေါ် ဘီးခွန်ကိုသာကောက်သင့်ကြောင်းပါ..။ ကားတစ်စီးကိုပိုင်ရှင်နာမယ်ပြောင်းချင်ရင် ကျနော်သိတဲ့နှစ်ပိုင်းတွေအထိ အခွန်စိမ်းဝါပြာ စသဖြင့် ရှုပ်ထွေးနေပါသေးတယ်..။ (ယခု အချေအနေ မသိပါ) ..။ ဖြစ်စေချင်တာက ကားပိုင်ရှင်ကိုတိုင် ကားနာမယ်ပေါက်နေဖို့ပါပဲ..။ ၀င်ငွေခွန်လို မျိုးကို ကားပိုင်ဆိုင်မှု့နဲ့တွဲပြီးဖြေရှင်းတာမျိုး မလုပ်သင့်ပဲ သက်သက်တချားနည်းလမ်းတွေနဲ့ဖြေရှင်းသင့်ပါတယ်..။ အရင် ကျနော်သိခဲ့တဲ့ အချိန်အထိ ကား ပေါ်ကိုရာဖြက်ပြီး နာမယ်ပြောင်းချင်ရင်အခွန်ထပ်ဆောင်ရတာမျိုးကိုဆိုလိုတာပါ.။ အဲဒီလိုလုပ်မဲ့အစား ကားဘီးခွန်ကို အခုထက်ရာနုံးတစ်ခုတိုးမြင့်ကောက်ခံနိုင်ပါတယ်..။ အခု ကျတော်ရှိနေတဲ့ ယူအေအီးနိုင်ငံမှာဆိုရင် စနစ်သိပ်ကျတယ်လို့ပြောလို့မရပေမဲ့ ကားကို တင်သွင်းစဉ်မှာ အခွန်ကောက်ယူထားပြီး နောက်ဘယ်သူ ပိုင်ပိုင် ထပ်ပြီး အခွန်ဆောင်ရတာမျိုးမရှိပါဘူး အဲဒါအစား ဘီးခွန် မှတ်ပုံတင်ခ ယူထားပါတယ်..။ အဲဒီမှတ်ပုံတင်ခအချိုးအစားကိုလဲ လက်ရှိသက်မှတ်ပြီးသား CIF ပေါ်မှာ ရာနှုးံတွက် ကောက်ခံနိုင်တာကြောင့် ကားတန်ဘိုးကိုရာဖြက်ရမယ့်ကိစ္စလဲသက်သာနိုင်ပါမယ်.။ ယဉ်မှတ်ပုံတင်သက်တန်းတိုးချိန်မှာ တစ်နှစ်စာ မှတ်ပုံတင်ခကိုကောက်ခံထားလိုက်ပြီး တစ်နှစ်သက်တမ်းမကုန်ခင်အထိ ဘယ်သူပိုင်ပိုင် ဘယ်သူနာမယ်ပြောင်းပြောင်း နာမယ်ပြောင်းခတစ်ခုကို သက်မှတ်ကောက်ခံသင့်ပါတယ်..။ ဒါဆိုရင် ကားကိုဝယ်လိုက်ရောင်းလိုက်တိုင်းမှာ ပိုင်ရှင်တွေဟာ နာမယ်ပြောင်းကြမှာဖြစ်ပါတယ်.။ မှတ်ပုံတင်ထားတဲ့နှစ်မကုန်ခင်အထိ မှတ်ပုံတင်ကြေးထပ်မကောက်ပဲ နာမယ်ပြောင်းခကို နောက်ထပ် ယူတာမျိုးပါ..။  ယဉ်မှတ်ပုံတင်သက်တမ်းက အရင်အတိုင်း အရင်ပိုင်ရှင်လက်ထက်ကအတိုင်းရှိနေမှာဖြစ်ပါတယ်..။ ဒါ့ကြောင့် အပန်းမကြီးတဲ့နာမယ်ပြောင်းခနဲ့ အဲသလိုလုပ်ပေးနိုင်မယ်ဆိုရင် ယဉ်တော်တော်များများဟာ သူ့တကယ့်ပိုင်ရှင်နာမယ်နဲ့ ရှိနေမှာဖြစ်ပါတယ်..။ ဒါက အာမခံကိစ္စအတွက်လွယ်ကူစေမဲ့ ရှိရမယ့်အခြေခံတစ်ခုပါပဲ..။ အခုဆိုရင် စတင်တိုးတက်လာပြီးဖြစ်တဲ့ ဆက်သွယ်ရေး အရ လက်ကိုင်ဖုံးတွေလဲ ပေါလာတယ်လို့ဆိုလို့ရပါတယ်..။ယဉ်ရဲ့ တခုခု အကြောင်းအရာ ဥပမာ ပြစ်ဒဏ် ဖြစ်ချင်းတွေကို လက်ကိုင်ဖုန်းတဲကို မက်စစ် ပို့ပေးနိုင်ပါတယ်။  ယဉ်စီးကမ်းအတွက်မှတ်သား ဖမ်းဆီးရေးလုပ်တဲ့အခါမှာလဲ ပိုင်ရှင်ကိုတိုင်နာမယ်ပေါက် ထားတဲ့အတွက်ဖြေရှင်းလွယ်ကူစေမှာပါ..။ အလွယ်တကူနားလည်ရလွယ်အောင် ရှင်းပြရရင်.. ကား မှတ်ပုံတင်တစ်ခုမှာ နံပတ်သုံးခုပါပါတယ်..။ တစ်က အာမခံနံပတ်ပါ..။ နှစ်က ယဉ်ထိန်းရဲနဲ့ဆိုင်တဲ့ နံပတ်ပါ..။ သုံးက ယဉ်မှတ်ပုံတင် ကားနံပတ်ပါ..။ အဲသလိုပါ..။ အာမခံကုပဏီက အာမခံရောင်းချပြီးနောက် အာမခံ နံပတ်တစ်ခုကို ပေလိုက်ပါတယ်..။ ဒါကို ယဉ်မှတ်ပုံတင်ကက်ပြားမှာ တစ်ခါထဲ ပုံနိပ်ပါရှိပါတယ်..။ တစ်နှစ်သက်တမ်းစာပါ..။ ယဉ်ထိန်းရဲနဲ့ဆိုင်တဲ့နံပတ်က ကညန မှာမှတ်ပုံတင်လိုက်ပြီဆိုရင် ယဉ်စည်းကမ်းထိန်းသိန်းရေးကို ကားဒေတာပေးလိုက်ပါတယ်..။ အဲဒီမှာ ယဉ်စည်းကမ်းထိန်းသိန်းရေးက ကားဒေတာကိုမှတ်ထားတဲ့ ဖိုင်နံပတ်ပါ..။ ကားက ပစ်မှု့တစ်ခုဖြစ်ခဲ့ပြီဆိုရင် အဲဒီ ဖိုင်တွဲမှာ ထပ်တွဲထားပါတယ်..။ နာမယ်ပြောင်းမယ်ဆိုရင် အရင်နာမယ်ကရှိပြီးသား ပစ်ဒဏ်ကြွေးတွေကို အကြေရှင်းရပါတယ်..။ မကြေသေးပဲ နာမယ်ပေးမပြောင်းပါဘူး..။ အဲသလိုနဲ့ နာမယ်ပြောင်းလိုက်တိုင်းမှာ ယဉ်စည်းကမ်းထိန်းသိန်းရေး က ငါးဆင့်အထိမှတ်ထားပေးပါတယ်..။ ငါးဆင့်နောက်က နာမယ်တွေကိုဖျက်ပစ်လိုက်ပါတယ်..။ ယဉ်မှတ်ပုံတင်နံပတ်ကတော့ ကားနံပတ်ပါ..။ ကညန ထုပ်ပေးတဲ့ ကားရဲ့ ပလိတ်နံပတ် ကားနံပတ်ပါ..။ ကားတစ်စီးအတွက် အာမခံ စာအုပ် ယဉ်ပိုင်ဆိုင်မှု့စာအုပ် ယဉ်သက်သေခံကဒ်ပြား အဲသလို အထောက်အထားအများကြီးမလိုတော့ပဲ ယဉ်မှတ်ပုံတင် ကပ်ပြားတစ်ခုထည်းနဲ့ ပြီးပါတယ်.။
လက်ရှိအဲဒီစနစ်သုံးနေပြီးဖြစ်တဲ့ နိုင်ငံတွေမှာ ယဉ်မှတ်ပုံတင်ဘို့ အထောက်အထားအနေနဲ့လိုအပ်ချက်တွေက ဒီလိုပါ..။
တစ် ….. ယဉ်ပိုင်ရှင်ဖြစ်လိုသူ၏ မှတ်ပုံတင် ၊ နှစ် ယဉ်ပိုင်ရှင်ဖြစ်လိုသူ၏ လိုင်စင် (သို့မဟုတ်ယဉ်ကိုမောင်းနှင်မည့်သူ) ၏လိုင်စင် ၊ သုံး ယဉ်အား ကြံခိုင်ကြောင်း စစ်ဆေးထားသော ယဉ်ထောက်ခံချက် ၊ လေး ယဉ်ပိုင်ရှင်ဖြစ်လိုသူမှ ၀ယ်ယူထားသော တစ်နှစ်စာ အာမခံ ၊ ဒါပါပဲ..။ မြန်မာနိုင်ငံမှာ အဲသလိုပဲလုပ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်.။
          နှစ် က အာမခံ အပိုင်းပါ..။ အာမခံလို့ပြောရာမှ တကယ် အာမခံပေးနိုင်တဲ့ အာမခံ ကုပဏီတွေအဖြစ် မြန်မာအာမခံနဲ့ လုပ်ငန်းလုပ်နိုင်တဲ့ဘဏ်တွေက လုပ်ဆောင်သင့်ပါတယ်.။ နိုင်ငံတကာမှာဆိုရင် အာမခံအပြင် ယဉ်တစ်နေရာရာမှာပျက်သွားခဲ့လာရောက်ဆွဲယူပေးမဲ့ ၀န်ဆောင်မှု့ကိုပါထည့်သွင်းရောင်းချနေကြပါသေးတယ်..။ အာမခံကုပဏီအနေနဲ့ မိမိကုပဏီ နဲ့ အလုပ်တွဲလုပ်ချင်တဲ့ ကားဝတ်ရှော့ ကားပြင်ဆိုင်တွေကို ပထမရှာရပါမယ်..။ တချားနိုင်ငံတွေမှာတော့ အာမခံ ကုပဏီကြီးတွေကိုတိုင် ကားဝတ်ရှော့ တွေဖွင့်ထားတာလဲရှိပါတယ်..။ မိမိကုပဏီက ထိခိုက်လာတဲ့ကားအတွက် အာမခံနံပတ်အတိုင်း သူဝယ်ယူထားတဲ့ အာမခံအမျိုးအစားအတိုင်း ပြုပြင်ပေးပါတယ်..။ ယဉ် သက်တမ်းကြောင့် ပြက်စီးတာတွေမပါပါဘူး..။ ထိခိုက်မှုကိုသာ အာမခံတာဖြစ်ပါတယ်..။ အာမခံကိုရောင်းချဖို့ တွက်ချက်ရာမှာ ကားတန်ဖိုး ကားမောင်းသူရဲ့လိုင်စင်သက်တမ်းနဲ့တွက်ပါတယ်..။ အကြမ်းဖြင်းပါ..။ ယဉ်မောင်းသူဟာ မှတ်ပုံတင်ထဲက ယဉ်မောင်းသူမဟုတ်ပဲ တချားသူဖြစ်နေခဲ့ရင် အာမခံ အပြည့်မရရှိပါဘူး..။ အာမခံတွေကိုလဲ မိမိမှားမှားမှန်မှန် ရရှိမဲ့ အာမခံ၊ မိမိ မှန်မှရရှိမဲ့အာမခံ ။ မိမိမှားတဲ့အခါ မိမိအားမခံအတွင်းမှ ထိခိုက်သူကို ပြုပြင်ပေးရော်ရတဲ့ အာမခံ စသဖြင့် ခွဲချားပြီး ဈေးနှုံးသက်မှတ်ရောင်းချပါတယ်.။ ကျနော်တို့ဆီမှာလုပ်ချင်တယ်ဆိုရင်လဲ ခက်မယ်မထင်ပါဘူး..။ လက်ရှိ ရှိပြီးသား CIF တန်ဖိုးကိုနဲ့ မှတ်ပုံတင်သူ ယဉ်မောင်းလိုင်စင်သက်တမ်းကိုကြည့်ပြီး အာမခံနှုံးတွက်ချက်နိုင်ပါတယ်..။ လိုင်စင်သက်တမ်းနုသူတွေက် အာမခံကြေး ပိုပေးရမှာဖြစ်ပါတယ်..။ ဒါကြောင့် သက်တမ်းနုယဉ်မောင်းတွေရဲ့ အမှားကိုလဲ ကာကွယ်ပြီးသားဖြစ်မှာပါ..။ ယဉ်ဟောင်းလာတာနဲ့အမျှ အာမခံကြေးကလဲ ပိုများလာပါတယ်..။ ထုပ်လုပ်ခုနှစ်ရဲ့ ဆယ်နှစ်အတွင်းဘယ်လောက် ဆယ့်ငါးနှစ်အတွင်း ဘယ်လောက် နှစ်ဆယ်နှစ်အတွင်းဘယ်လောက် စသဖြင့်ပါ..။ အဲဒါကြောင့် ယဉ်ပိုင်ရှင်တွေအနေနဲ့လဲ ပိုမို လတ်ဆပ်တဲ့ ယဉ်ကို ပြောင်းစီးဘို့ တွန်းအားဖြစ်စေပါတယ်။အရင်တချိန်က မြန်မာနိုင်ငံမှာ ကားတွေဟာ စီးပွားရေးကစားဘို့ ရင်းနှီးမြုတ်နှံဘို့ ရှိနေခဲ့တာရဲ့ ဆိုးမွေအဖြစ် ရှုတ်ထွေးတဲ့ အခွန်စနစ်တွေနဲ့ မရေရာတဲ့ ပိုင်ဆိုင်မှု့ပုံစံတွေကိုပြုပြင်ရင်း ကားဈေးကွက်ကိုလဲ တတ်နိုင်သလောက် ရာနုံးတစ်ခုအထိ ထိန်းချူပ်နိုင်ပြီး ယဉ်ပိုင်ရှင်တွေအနေနဲ့လဲ ထိရောက်တဲ့အာမခံစနစ်တစ်ခု ရရှိလာမယ်လို့  စဉ်းစားမိကြောင်းပါခင်ဗျား….။

ကိုဟန်….။

Wednesday, October 23, 2013

ဘယ်မောင်းနဲ့ညာမောင်း




ကျနော်တို့နိုင်ငံက ၀န်ကြီးတွေ နိုင်ငံချားခရီးစဉ်တွေမှာ နိုင်ငံချားရောက်မြန်မာတွေနဲ့တွေ့ဆုံကြပြီဆိုရင် အမေးခံရလေ့ရှိတဲ့ ခတ်အစားဆုံးမေးခွန်းတစ်ခုပါ...။ နိုင်ငံချားရောက် မြန်မာအများစုကတော့ သူတို့ ထိတွေ့နေရတဲ့အတွေ့အကြုံနဲ့ယဉ်ပြီး စည်းစနစ်မကျဖြစ်နေတဲ့ ယဉ်မောင်းစနစ်ကို အမြဲလိုလို မီးမောင်းထိုး ပြသကြတာပါ..။ လက်ရှိမှာ ညာကပ်မောင်းစနစ်ကိုအသုံးပြုနေတဲ့မြန်မာနိုင်ငံမှာ ညာမောင်းကားအမျိုးအစားတွေအများစုရှိနေချင်းပြသနာကိုပါ...။ မြန်မာနိုင်ငံမှာ ဘယ်မောင်းကိုပဲတင်သွင်းထုပ်လုပ်ရမယ်ဆိုတဲ့ ဥပဒေဟာ အရင်ထဲကရှိပြီးသား..။ ဒါပေမဲ့ လက်တွေ့ ယဉ်တင်သွင်းလာသူတွေနဲ့ အံမ၀င်ခွင်မကျ နှစ်တွေဆယ်နဲ့ချီရှိနေခဲ့တာဖြစ်ပါတယ်...။ အကြောင်းရဲ့ အဒိကတစ်ချက်တော့ ကျနော်တို့မြန်မာနိုင်ငံမှာကားအသစ်ရာနုံးထက် သုံးပြီးသား ကားဟောင်းတွေကိုသာ ၀ယ်ယူတင်သွင်းနေရချင်းဖြစ်ပါတယ်..။ နောက်ပိုင်း နှစ်တွေမှာတော့ အထီးကျန်ပိုဆန်လာတဲ့ မြန်မာနိုင်ငံဟာ ကားအဟောင်းဝယ်ယူဘို့ဈေးကွက်အတွက် ဂျပန် နိုင်ငံကိုသာ အားကိုးနေခဲ့ရတာကလဲ ကျနော်တို့လမ်းတွေနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ညာမောင်းကားတွေ ရာနုံးများလာရချင်းအကြောင်းတစ်ချက်ပါပဲ..။ အခုဆို ကားအရောင်းအ၀ယ်ဈေးကွက်ထဲမှာပါ ဂျပန်ဂရိတ်ဆိုပြီး ဂျပန်ကထုပ်လုပ်တဲ့ကားချင်းတူတူ တင်သွင်းလာတဲ့နိုင်ငံပေါ်မူတည်ပြီး လူကြီုက်အနဲအများရှိပါတယ်...။ အဲသလိုဖြစ်ရတာကလဲ အကြောင်းရှိပါတယ်..။ ဂျပန်နိုင်ငံမှာ ကားတွေကို ငါးနှစ်သာအသုံးပြုခွင့်ပေးတာကြောင့် ဂျပန်ကကားအဟောင်းဟာ ငါးနှစ်သာသုံးထားတဲ့ဆိုတဲ့အသိကို လူတွေဆီမှာစွဲမြဲစေပါတယ်။ ဂျပန်လူမျိုးတို့ရဲ့အတုယူစရာထုံးစံအတိုင်း ကားအဟောင်းတွေကို စနစ်တကျ နိုင်ငံချားတိုင်းပြည်တွေကို တင်ပို့နိုင်ချင်းကလဲ မြန်မာနိုင်ငံမှာပါမက ကားအဟောင်းကိုသာ ၀ယ်ယူတင်သွင်းနေကြရတဲ့ တတိယတိုင်းပြည်တွေအတွက် ဂျပန်ဂရိတ်ဆိုတာကို ဖြစ်ပေါ်လာစေခဲ့တာပါ..။ အခုအချိန်မှာ ဘယ်မောင်းများသာမောင်းနင်ရမည်ဆိုတဲ့ ဥပဒေမျိုးထုပ်ပြန်ခဲ့ရင်လဲ မြန်မာနိုင်ငံရဲ့ ယဉ်ပိုင်ရှင် ရှစ်ဆယ်ရာနူံးဟာ နစ်နာမှု့တွေ များစွာဖြစ်ပေါ်လာမှာဖြစ်ပါတယ်...။ ပြသနာတစ်ခုကို လူမြင်အောင် မီးမောင်းသာထိုးပြပြီး မီရောင်အောက်ပြသနာကိုဖြေရှင်းဘို့ အဖြေမပါတဲ့ ဝေဖန်မှု့တွေဟာ သင်္ကြန်အမြှောက်လိုအသံသာရှိပြီး အဆံမရှိတဲ့ အဖြစ်မျိုးဖြစ်နေမှာမို့ ကျနော်တတ်နိုင်သမျှ အဆင်ပြေစေဘို့ အဖြေရှာ ရေးသားမှာဖြစ်ပါတယ်...။

အင်္ဂလိပ်ကိုလိုနီနှစ်အတော်ကြာဖြစ်ခဲ့တဲ့မြန်မာနိုင်ငံဟာ1960ကျော် ခုနှစ်ပိုင်းဆိအထိ ဘယ်ကပ်မောင်းစနစ်ဖြစ်ပါတယ်..။ စစ်တပ်အာဏာသိမ်းပြီး ဗိုလ်နေ၀င်း အစိုးရဖြစ်လာတဲ့အခါမှ ဘယ်ကပ်မောင်းစနစ်ကနေ ညာကပ်မောင်းစနစ်ကို 1970 ဒီဇင်ဘာလ 7 ရက်နေ့မှာ စတင်ပြောင်းလဲကျင့်သုံးခဲ့တာဖြစ်ပါတယ်...။ ဒါပေမဲ့အဲဒိအချိန်တုံးကထဲ ဂျပန် စင်ကာပူ ထိုင်း စတဲ့နိုင်ငံတွေက တင်သွင်းနေတဲ့ ညာမောင်းယဉ်များကို ဘယ်မောင်းယဉ်များအဖြစ် ပြောင်းလဲမှာယူနိင်စွမ်းမရှိခဲ့ပါဘူး...။ ဂျပန်ကမှာယူတဲ့ ဘက်စကားတွေကလဲ အဟောင်းတွေဖြစ်တဲ့အတွက် ညာမောင်း တွေပါပဲ...။ နောက်ပိုင်းမှာ တင်သွင်းလာတဲ့ကားမှန်သမျှ ဘယ်မောင်းဖြစ်ရမယ်ဆိုတဲ့ ဥပဒေ ရှိပေမဲ့လဲ အဲဒိအချိန်က ကားတင်သွင်းနိုင်သူ လူနဲစုအတွက် ဥပဒေကိုလစ်လှုရှုခဲ့ရပြန်ပါတယ်..။ အခုတော့ ညာကပ်မောင်းစနစ် တိုင်းပြည်ရဲ့လမ်းပေါ်မှာ ညာမောင်းကားတွေရာနုံးတော်တော်များများဖြစ်နေပြီးဖြစ်တဲ့အတွက် လူအများစုအတွက် ဥပဒေကိုလစ်လှုရှုရပြန်ပါပြီ..။ ဒါကြောင့် စည်းစနစ်ကြတဲ့ လမ်းပန်းစနစ်ဖြစ်ထွန်းလာအောင် နစ်နာမှု့အနည်းဆုံးဖြစ်အောင်..ညင်သာစွာ ရှိပြီးသားဥပဒေကို ပြန်လည် ရှင်သန်စေဘို့နည်းလမ်းတွေကို ရှာကြံရေးသားမှာဖြစ်ပါတယ်..
ကျနော်တို့ ယာဉ်မောင်း စနစ်တွေကိုအရင်လေ့လာကြည့်ရအောင်ပါ..။ ကမ္ဘာရဲ့လေးပုံတစ်ပုံဟာ ဘယ်ကပ်မောင်းစနစ်ဖြစ်ပါတယ်..။
များသောအားဖြင့် အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ကြတဲ့နိင်ငံတွေပါ...။ အဲဒါဟာ ကမ္ဘာ့လမ်းပန်းစနစ်တွေကို အတော့ကိုရှုပ်ထွေးသွားစေပါတယ်...။ ဒါပေမဲ့ဘယ်ကပ်မောင်းစနစ်မှာလဲလုံလောက်တဲ့အကြောင်းပြချက်တွေရှိပါတယ်...။ အရင် ကားတွေ မရှိခင်ကာလတုံးက လူတွေများသောအားဖြင့် ဘယ်ကပ်ပြီးလမ်းသွားလေ့ရှိပါတယ်..။ ကျေးကျွန်ခတ်က ခက်ထန်တဲ့ လူဘောင်ထဲမှာ လူတော်တော်များများဟာ ညာသန်တွေဖြစ်ခဲ့ကြပါတယ်...။ ဒါးသမားတွေဆိုရင် ဒါးကို ညာဘက်လက်နဲ့ထုပ်ယူအသုံးပြုလွယ်ကူနိုင်အောင် ဒါးတွေကိုဘယ်ဘက်မှာချိတ်ဆွဲတတ်ကြပါတယ်...။ မြင်းစီးတဲ့အခါမှာလဲ ညာသန်တွေအတွက် ဘယ်ဘက်ကတက်ရတာပိုအဆင်ပြေပါတယ်...။ ဒါကြောင် ဒါးကိုညာဘက်မှာချိန်ဆွဲထားမယ်ဆိုရင် မြင်းပေါ်ကိုတက်ဘို့ ခက်ခဲစေမှာဖြစ်ပါတယ်...။ ဒါ့ကြောင့် မြင်းပေါ်ကို တက်တဲ့ဆင်းတဲ့အခါ လမ်းရဲ့ ဘယ်ဘက်ချမ်းကို အသုံးပြုတာများပါတယ်...။ 1700 ခုနစ်ပိုင်းမှာတော့ ပြင်သစ်နဲ့ အမေရိက တီထွင်သူတွေဟာ မြင်းအတော်များများနဲ့ဆွဲတဲ့ လူစီးလည်းတွေကို တီထွင်အသုံးပြုကြပြန်ပါတယ်..။ အဲဒီ လှည်းကြီးတွေမှာ မောင်းတဲ့သူတွက်နေရာသက်သက်မပါ ပါဘူး...။ မောင်းသူထိုင်ခုံကိုလှည်းမှာတတ်ထားတဲ့အစား.. လှည်းဆွဲမြင်းတွေအနက်က နောက်ဆုံးဘယ်ဘက်မြင်းပေါ်မျာထိုင်စီးပြီးလှည်းကိုမောင်းနှင်ကြပါတယ်...။ လှည်းမောင်းသူရဲ့ညာဘက်လက်ကို ကျန်တဲ့မြင်းတွေကိုမောင်းနှင်နိုင်အောင် လွတ်လပ်နေစေဘို့ဖြစ်ပါတယ်...။ မြင်းလှည်းကိုမောင်းနှင်သွားတဲ့အချိန်မှာလဲ သူဟာ တချားယဉ်တွေ သူထိုင်နေတဲ့ ဘယ်ဘက်ချမ်းကပဲဖြက်သန်းစေဘို့အတွက်လမ်းရဲ့ ညာဘက်ချမ်းကို လှည်းကိုကပ်ပြီးမောင်းနှင်ပါတယ်...။ ညာကပ်မောင်းစနစ်ရဲ့အစလို့ပြောရင်လဲမမှားပါဘူး...။ နောက်တစ်ခုကတော့ ပြင်သစ်တော်လှန်ရေး စခဲ့တဲ့ 1789 ကိုခုနစ်ပိုင်တွေမှာ ဥရောပတလွှားကို ညာကပ်မောင်း စနစ် ပိုပြီးပြန့်နံ့လာခဲ့ပါတယ်..။ အကြောင်းကတော့ ပြင်သစ်တော်လှန်ရေးမတိုင်ခင် တော်ဝင်လူတန်းစားတွေဟာ ဘယ်ကပ်ပြီးသွားလာတတ်တာကြောင့် သာမာန်လူတွေအနေနဲ့ ညာကပ်ပြီး သွားလာရတာဟာ အကျင့်လိုဖြစ်နေတဲ့အတွက်ပါ...။ နောက်ပိုင်း ဘက်ဆယ်လ် အရေးအခင်းအပြီးမှာတော့ တော်ဝင်လူတန်းစားတွေကလဲ ကျန်တဲ့လူတွေနဲ့တစ်တန်းထဲနေထိုင်ကြောင်းပြသနိုင်အောင် ညာဘက်ကပ်သွားတဲ့စနစ်ကိုပဲရွှေးချယ်သွားလာကြတဲ့အတွက်ပါ..။ နောက်ပိုင်းတရားဝင် ညာကပ်မောင်းစနစ်ကိုတော့ ဒိန်းမတ်နိုင်ငံနဲ့မရှေးမနှောင်း 1794 ခုနစ်မှာ ပဲရစ် မြို့ကြီးမှာထုပ်ပြန်ခဲ့ပါတယ်...။ ဒိန်းမတ်နိုင်ငံကတော့ 1793 ခုနစ်အစောပိုင်းထဲက ထုပ်ပြန်ခဲ့တာဖြစ်ပါတယ်..။ နောက်ပိုင်း နပိုလီယန် အောင်မြင်မှု့ အရှိန်ကြီးမားလာချိန် သူ့နိုင်ငံရေးသြဇာလွမ်းတဲ့ ဥရောပနိုင်ငံငယ်လေးများ ဘယ်လ်ဂျီယန် နယ်သာလန်၊ လူဇင်ဘက်၊ ဆွတ်ဇာလန်၊ဂျာမဏီ၊ရှုရှား၊ စပိန်ရဲ့အစိတ်အပိုင်းတော်တော်များများမှာ ညာကပ်သွားစနစ်နဲ့ ဗျိတိန် ဟန်ဂေရီယန်းအင်ပါရာ..ပေါ်တူဂီတို့က ဘယ်ကပ်သွားစနစ်နဲ့ ဥရောပမှာ နှစ်တစ်ရာလောက်ရှုပ်ထွေးနေခဲ့တာ ပထမ ကမ္ဘာစစ်ပြီးတဲ့အထိပါပဲ..။
ကမ္ဘာနိုင်ငံတွေတော်တော်များများ ညာကပ်စနစ်တွေဖြစ်လာချိန်မှာပဲ ဗျိတန်နိုင်ငံသူ့ရဲ့ ဘယ်ကပ်မောင်းစနစ်ကို တကမ္ဘာလုံး စနစ်ဖြစ်အောင်ကြိုစားနေပါတယ်...။ ဒါကြောင့် သူ့အင်ပါရာထဲရောက်လာတဲ့နိုင်ငံတိုင်းကို ဘယ်ကပ်မောင်းစနစ် ပြောင်းလဲစေခဲ့ပါတယ်..။ ဒါကြောင့် ခုချိန်ထိ အင်ဒိယ သြစတေးလျှ အာဖရိက ဗျိတိန်ကိုလိုနီနိုင်ငံတွေမှာ ဘယ်ကပ်မောင်းရှိနေတာဖြစ်ပါတယ်..။ ဂျပန်နိုင်ငံကတော့ ဗျိတိန်အင်ပါရာထဲမှာ တစ်ခါမှမပါဝင်ခဲ့ပါဘူး ဒါပေမဲ့သူလဲ ဘယ်ကပ်မောင်စနစ်ပါပဲ..။ ဘာဖြစ်လို့လဲဆိုတော့ 1603-1867 ခုနစ် ဆာမှုရိုင်းခတ်မှာ ဗျိတိန်နဲ့ အဆက်အသွယ်များပြားခဲ့ပါတယ်..။ 1872 ခုနစ်အထိ ဂျပန်မှာဘယ်ကပ်မောင်းရယ်လို့မရှိသေးပါဘူး..။ ပထမဦးဆုံး ဂျပန်ရထားတွေကို ဗျိတိန် နည်းပညာအကူအညီနဲ့တည်ဆောက်တဲ့အခါမှာတော့ ရထားတွေကို ဘယ်ကပ်မောင်းတည်ဆောက်ခဲ့ပါတယ်..။ အဲဒိကနေစလို့ဘယ်ကပ်မောင်းတဲ့အကျင့်ကို ဂျပန်တွေရရှိလာတယ်.. ဒါပေမဲ့ တရားဝင် လမ်းဥပဒေထဲမှာ 1924 ခုနှစ်မှသာထည့်သွင်းထုပ်ပြန်ခဲ့တာဖြစ်ပါတယ်..။ 1956ခုနစ် ဒက်ရှ်လူမျိုးတွေအင်ဒိုနီးရှားကိုဝင်ရောက်လာခဲ့တုံးက တစ်ပါတဲ့သူတို့ရဲ့ မပြောင်းလဲရသေးတဲ့ ဘယ်ကပ်သွားစနစ်ကိုယူဆောင်လာခဲ့တဲ့အတွက် အင်ဒိုနီရှားကလဲ ဘယ်ကပ်မောင်းစနစ်နဲ့ ကျန်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်...။ မြောက်အမေရိက နိုင်ငံလေးတွေမှာ အင်္ဂလိပ်တွေစိုးမိုးစဉ်ကာလက ဘယ်ကပ်မောင်းစနစ်ကိုထုပ်ပြန်ခဲ့တာကြောင့် ခုထိ ဘယ်ကပ်မောင်းစနစ်တွေကျနေခဲ့ကြပါတယ်..။ တချို့နိင်ငံတွေကတော့ ဗျိတိန်အကြွင်းအကျန်တွေကို ဖယ်ရှားပစ်ရင်း ညာကပ်မောင်းစနစ်ပြန်ပြီး ပြောင်းလဲသွားကြပါတယ်...။ ပထမဦးဆုံ ညာကပ်မောင်း စနစ်ကို တရားဝင်အဖြစ် 1792 ခုနှစ်မှာ ပစ်ဆာဗီနီးယား နဲ့ 1804 ခုနှစ်မှာ နယူးယော့ခ် 1813 ခုနစ်မှာ နယူးဂျာစီမှာ ထုပ်ပြန်ခဲ့ပါတယ်...။ ကနေဒါရဲ့ တချို့နေရာတွေမှာတော့ ဒုတိယ ကမ္ဘာစစ်ပြီးတဲ့အထိ ဘယ်ကပ်မောင်းစနစ်ကျန်ရှိနေပါသေးတယ်..။ ကနေဒါတစ်ခုလုံးနဲ့ အမေရိကနိုင်ငံ မှာ အားလုံး ညာကပ်မောင်းစနစ်အဖြစ် 1920 ခုနှစ်မှာထုပ်ပြန်နိုင်ခဲ့ပြီး နယူဖောင်းလန် ကတော့ 1947 ခုနှစ်အထိ ဘယ်ကပ်မောင်းဖြစ်ခဲ့ပြီး 1949 ခုနှစ်မှာ ကနေဒါနဲ့ ဆင်တူကြေညာခဲ့တာဖြစ်ပါတယ်...။
နောက်ပိုင်း ဥရောပရဲ့ ဘယ်ကပ်မောင်းနိုင်ငံတွေအကုန်လုံးနီးပါဟာ တနိုင်ငံချင်းစီ ညာကပ်မောင်း ပြောင်းလဲလာခဲ့ပါတယ်... ပေါ်တူဂီက 1920..၊ အလုံးစုံပြောင်းလဲနိင်ဘို့အချိန်ယူရတာဖြစ်လို့ သူတို့ဆိုင်ရာကိုလိုနိနိုင်ငံများမှာပါ ပြောင်းနိင်အောင်ကြိုးစားကြရပါတယ်..။ ဘယ်လိုပဲ ပြောင်းပြောင်း ဘယ်ကပ်မောင်းနိုင်ငံတွေကတော့ကျန်နေဆဲပါ...။ 1980 ခုနစ်မှာ အီတလီတို့က ညာကပ်မောင်းစနစ်ကို စတင်မိတ်ဆက်ခဲ့ကြပြီး 30 ရက်နေ့ ဂျွန်လ 1912 ခုနှစ်မှာ တစ်နိုင်ငံလုံး ညာကပ်မောင်းစနစ်ကြေညာခဲ့ပါတယ်..။ ရောမမြို့ မီလန်မြို့ တူရင်နဲ့ ဂျီနိုရာ မြို့တွေမှာတော့ လမ်းပြဆိုင်းဘုတ်ပြန်ရွှေ့ရတဲ့ အခက်အခဲတွေကြောင့် 1920 ခုနစ်လောက်မှ လက်တွေ့ကျင်သုံးနိုင်ခဲ့ကြပါတယ်...။ စပိန်မှာတော့ 1930ခုနှစ် လမ်းဥပဒေ ထုပ်ပြန်ပြီးချိန်အထိ ချို့နေရာ ဘယ်ကပ် တချို့နေရာ ညာကပ်ဖြစ်နေဆဲပါ.. ဥပမာ ဘာစီလိုနာ ကညာကပ်မောင်းပြီး မက်ဒရစ်က ဘယ်ကပ်မောင်းပါ..။ မက်ဒရစ်က 1924ခုနစ်မှာ ညာကပ်မောင်း ပြောင်းလဲနိုင်ခဲ့ပြီး တဖြည်းဖြည်း တသားထဲဖြစ်လာခဲ့ပါတယ်...။
အခုတစ်ခါယှဉ်ပြမှာကတော့လူဦးရေအားဖြင့် အသုံးပြနေပုံဖြစ်ပါတယ်...။

LEFT-DRIVINGCOUNTRIES RIGHT-DRIVING COUNTRIES
1,940,043,524 34% 3,824,348,286 66%


ညာဘက်ကပ်မောင်းသူ66 ရာနုံးနဲ့ဘယ်ဘက်ကပ်မောင်းသူ 34 ရာနုံးတွေ့ရမှာဖြစ်ပါတယ်...။ဒါကြောင့်ကျနော်တို့မြန်မာနိုင်ငံ ဟာရှေ့လျှောက်အထီးကျန်မဆန်တော့ပဲလွတ်လပ်စွာရောင်းဝယ်ဖောက်ကားလာနိုင်ချိန်မှာညာကပ်မောင်းသူများအတွက်ထုပ်လုပ်တဲ့ဘယ်မောင်းကားတွေကို နေရာများများကနေလွယ်လွယ်ကူကူသွင်းယူနိုင်မှာဖြစ်ပါတယ်...။နိုင်ငံတကာရဲ့လမ်း စနစ်တွေကိုချူံငုံမိလောက်ပြီထင်ပါတယ်..။ကားတွေရဲ့တည်ဆောက်ပုံကိုတင်ပြပါဦးမယ်...။ညာကပ်မောင်းစနစ်သုံးနိုင်ငံတွေအတွက်ဘယ်ဘက်ကထိုင်မောင်းတဲ့ဘယ်မောင်းကားတွေထုပ်လုပ်ပြီးဘယ်ကပ်မောင်းတဲ့နိုင်ငံတွေအတွက်ညာဘက်ထိုင်မောင်းညာမောင်းကားတွေကိုထုပ်လုပ်ပါတယ်...။ကားထုပ်လုပ်သူတော်တော်များများဟာဈေးကွက်ရဲ့အလိုအရ
နှစ်မျိုးစလုံးကိုထုပ်လုပ်ကြပါတယ်...။ညာကပ်မောင်းနိုင်ငံ များတဲ့အတွက် ဈေးကွက်မှာတော့ ဘယ်မောင်းကားတွေပိုများပါတယ်ကမ္ဘာ့ဈေးကိုချူံကြည့်မယ်ဆိုရင်ပါ..။ 1900 ပြည့်နှစ်ပိုင်းတွေကစလို့ ကားမောင်းသူဟာလမ်းရဲ့ အလည်လိုင်းဘက်မှာရှိနေသင့်တယ်လို့ ဆုံးဖြက်ပြီး ဘယ်မောင်းညာမောင်းထုပ်လုပ်ပုံနှစ်မျိုးဖြစ်လာခဲ့တာပါ..။ အကြောင်းကတော့ လမ်းရဲ့အလည်လိုင်းမှာကားမောင်းသူရှိနေချင်းကြောင့် တစ်ဘက်ဆန့်ကျင်ဘက်ကဖြက်လာတဲ့ယဉ်ကိုရှင်းလင်းစွာမြင်နိုင်ပြီး မောင်းသူဘေးကထိုင်စီးလာတဲ့သူကလဲ ကားရပ်ချိန်မှာလမ်းဘေးကို ယဉ်အသွားအလာမရှိတဲ့ဘက်က အန္တရယ်ကင်းကင်း တက်ဆင်းပြုနိုင်အောင်ပါ..။ Fordကားကုပဏီ ဟာ 1908 ခုနှစ်မှာ ဘယ်မောင်းကိုစတင်ထုပ်လုပ်ခဲ့ပြီးဘယ်မောင်းရဲ့အကျိုးရှိပုံတွေကို ဒီလိုရှင်းပြခဲ့ပါတယ်...။ အခုအချိန်မှာတော့ယဉ်အသုံးပြုမှု့ကိုများလာတဲ့အတွက် ယဉ်အန္တရယ်ကင်းရှင်းရေးကို ရှေးရှုလို့ လမ်းရဲ့အလယ်မျဉ်းမှာ ယဉ်မောင်းထိုင်တဲ့စနစ်ကို ဥပဒေများနဲ့ပါအသုံးပြုနေကြပြီဖြစ်ပါတယ်...။ကမ္ဘာ့နိုင်ငံတော်တော်များများမှာလဲ ယဉ်ကိုတင်သွင်းစဉ်ကထဲကလမ်းဥပဒေတွေနဲ့ကိုက်ညီတဲ့ ယဉ်တွေကိုသာတင်သွင်းချင်းဖြင့်လမ်းဆန့်ကျင်ဘက်ကထိုင်မောင်းရတဲ့အဖြစ်ကို မဖြစ်ရလေအောင်တားဆိးနေကြပါပြီ...။ညာမောင်း မောင်းနေကြ ယဉ်မောင်းတွေအတွက် ဘယ်မောင်းဟာမောင်းနေမကျတဲ့ပြသနာတက်လာနိုင်လားဆိုတဲ့ ကိစ္စကိုတော့ ကားထုပ်လုပ်သူကုပဏီတွေကအဲသလိုမဖြစ်ရလေအောင် ...။ ချေနင်း လီဗာ ဘရိတ် ကလက်ရှ် စတဲ့ ချေနင်းတွေကို A,B,Cအစဉ်လိုက်အတိုင်းပဲ ဘယ်မောင်းမှာဖြစ်ဖြစ် ညာမောင်းမှာဖြစ်ဖြစ်ဆင်တူတတ်ဆင်ထုပ်လုပ်ကြပါတယ်...။ အော်တိုဂီယာမဟုတ်ခဲ့ဘူးဆိုရင် ဂီယာထိုးရတဲ့လက်ကပဲဘယ်နဲ့ညာပြောင်းသွားမှာဖြစ်ပါတယ်...။ 60 % ယဉ်မောင်းသူတွေရဲ့ ဖြေကြားချက်အရသိတ်အထူးမလေ့ကျင့်ရဘူးလို့ဆိုပါတယ်...။

ဒါကလမ်းစနစ်နဲ့ယဉ်စနစ်တွေကိုလေလာကြည့်တာတွေပါ.. အခု ကျနော်တို့နိုင်ငံကိုဆင်တူယဉ်မောင်စနစ်ဖြစ်ထွန်းအောင်ဘယ်လိုလုပ်မလဲလို့ ကျနော်စဉ်းစားကြည့်ပါတယ်...။ကျနော်စစကပြောခဲ့သလိုပဲ .. အချေအနေအရပ်ရပ်ကြောင့် ကျနော်တို့လမ်းတွေပေါ်မှာစနစ်စုံကားတွေ သွားနေတာဟာ တိုးတက်လာတဲ့နိုင်ငံတစ်ခုအနေနဲ့ကြည့်မကောင်းတာအမှန်ပါ...။ ဘယ်မောင်းစနစ်ကိုပဲတင်သွင်းရမယ်ဆိုတဲ့ ဥပဒေကလဲရှိပြီးသားပါ... ။ ရှိပြီးသားဥပဒေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်လိုက်ရင်လဲနှစ်နှစ်ဆယ်သွင်းလာပြီးသားကားပိုင်ရှင်တွေရဲ့ ဆုံးရှုံးနစ်နာမှု့ကိုတွက်ရတော့မှာပါ..။အဲသလိုကြောင့် ကျနော်အညင်သာဆုံး ရှိပြီးသားဥပဒေ အသက်ဝင်ရေးနဲ့..ဆင်တူယဉ်မောင်းစနစ်ဖြစ်ပေါ်လာရေးကို တွေးပြီး ရေးပါမယ်...။

တစ်...။ဘယ်မောင်းကားတွေသာလမ်းပေါ်မှာ မောင်းရမယ့်လမ်းတွေ သက်မှတ်ရပါမယ် ...။လမ်းပန်းဆက်သွယ်ရေးကိုမထိခိုက်မယ့်လမ်းတွေကိုရွေးချယ်သက်မှတ်ရပါမယ်...။ ဥပမာရန်ကုန်မြို့ထဲကို အင်းစိန်ကနေ လမ်းနှစ်လမ်းသွားလို့ရတယ်ဆိုပါစို့...တစ်လမ်းကိုဘယ်မောင်းများသာ မောင်းနှင်နိုင်တယ်လို့သက်မှတ်ဘို့ပါ...။ဥပမာသာပြောတာပါ သက်မှတ်မဲ့လမ်းကို အများပြည်သူ ယဉ်စီးဆင်းမှု့ ထိခိုက်မှု့မရှိအောင်ကုန်လမ်းပို့ဆောင်ရေးက လမ်းမြေပုံတွေနဲ့ သေသေချာချာ စဉ်းစားပြီးသက်မှတ်ရမှာပါ...။အဲသလိုလုပ်ပုံမျိုး ကိုအီတလီနိုင်ငံ လမ်းပန်းစနစ်တွေပြောင်းစဉ် ကာလ တုံးကလမ်းတွေခွဲချားအသုံးပြုခဲ့ဘူးပါတယ်...။ အဓိက ကတော့ လက်ရှိရှိပြီးသားညာကပ်မောင်းယဉ်ပိုင်ရှင်တွေ ယဉ်အသစ်ဝယ်ဘို့လိုအပ်လာတဲ့အခါ ဘယ်မောင်းကို သာအာရုံစိုက်မိစေလိုလို့ပါ...။ စပိန်နိုင်ငံမှာလဲ လမ်းတွေစနစ်တွေပြင်ကာစမှာအဲသလိုစနစ်မျိုး ငါးနှစ်တာကျင့်သုံးခဲ့ဘူးပါတယ်..။ယာဉ်မောင်းစနစ်တွေတသားထဲမဖြစ်သွားခင်အချိန်အထိပါ…။

နှစ်….။ဘယ်မောင်းယာဉ်တင်သွင်းလာသူတွေကို အခွန် အချိုးအစားတစ်ခုလျှော့ပေါ့ပေးရမှာဖြစ်ပါတယ်…။ ဘယ်မောင်းယဉ်များသာတင်သွင်းရမည်လို့ ဥပေဒေကိုတင်းကျပ်လို့မရသေးခင် ကာလတစ်ခုအတွင်းမှာပါ…။ သေချာတာကတော့ကျနော်တို့အချိန်ယူရပါမယ်…။ ရှိပြီးသားယာဉ်ပိုင်ရှင်တွေကိုအပြင်းအထန်မထိခိုက်စေဘို့ အဓိကထားစဉ်းစားရပါမယ်…။ အဲဒီစနစ်ကိုကန်ဘောဒီးယားနိုင်ငံက ကားအားလုံး ညာမောင်းပြောင်းရမယ်ဆိုတဲ့ကြေညာချက်မထွက်ခင်အသုံးပြုဘူးပါတယ်…။ မော်တော်ယဉ်အသစ်ကိုတင်သွင်းလာမယ့်သူတွေအတွက်ဘယ်မောင်းတွေကို စိတ်ပါဝင်စားမှု့ပိုရှိစေဘို့ပါ…။

သုံး…။ မှတ်ပုံတင်လာသောညာမောင်းယာဉ်တွေအားလုံးကို RHD ညာမောင်း ဆိုတဲ့ စတေကာ ကပ်ဘို့ကုန်းလမ်းပို့ဆောင်ရေးကလုပ်ရပါမယ်..။ အရင် ကျနော်တို့မြန်မာနိုင်ငံမှာလဲလမ်းစည်းကမ်းလိုက်နာဘို့ စတေကာအပြာလေးတွေကားတိုင်းကပ်ဘို့ လုပ်ဘူးပါတယ်..။အလားတူစည်းကမ်းမျိုးပါပဲ ၊ စတေကာမပါတဲ့ ညာမောင်းယဉ်တွေအတွက် အပန်းမကြီးမဲ့ ဒဏ်ငွေတစ်ခုသက်မှတ်ရပါမယ်..။ဒါဆိုရင်ညာမောင်းကားတိုင်းဟာ ကားရဲ့နောက် မှာ စတေကာတစ်ခုကိုအပိုကပ်ထားပြီးဖြစ်နေပါလိမ့်မယ်..။ အဲဒိစနစ်ကို ကန်ဘောဒီးယားနိုင်ငံမှာသုံးခဲ့ဘူးပါတယ်..။ သူတို့သုံးတုံးကတော့ ထိုင်းကနေ မှောင်ခို သွင်းလာတဲ့ယာဉ်မောင်းစနစ်မတူတဲ့ယာဉ်တွေကိုခွဲချားနိုင်အောင်လို ဆိုပါတယ်..။ ကျနော်တို့ကတော့အဲသလိုမဟုတ်ပေမဲ့…၊ ယာဉ်ပိုင်ရှင်တွေရဲ့ ကစိပတ်မများလိုတဲ့ စိတ်ကို အသုံးချပြီးဘယ်မောင်း ၀ယ်လိုစိတ်ပိုရှိအောင် အသုံးပြုရမှာဖြစ်ပါတယ်…။ညာကပ်မောင်းစနစ်သုံးနိုင်ငံမှာဘယ်မောင်း ကားဟာ ယာဉ်အန္တရယ်ကို တကယ်ပဲ သုံးဆယ့်ငါးရာနုံးလျှော့ချပေးနိုင်မှာဖြစ်တာကြောင့်ဥပေဒေ လမ်းစည်းကမ်းအရလဲ အကြောင်းပြချက်လုံးလောက်ပါတယ်…။

လေး..။ညာမောင်းကားတွေအတွက် အာမခံကြေးတိုးမြင့်ကောက်ခံရမှာဖြစ်ပါတယ်..။ အာမခံဟာကားထိခိုက်မှု့အာမခံဖြစ်တဲ့အတွက် လမ်းစနစ်နဲ့ ယဉ်စနုစ်မတူတာကို ထိခိုက်မှု့အာမခံပိုကောက်ခံတာဟာ တကယ်ပဲ ကျိုးကြောင်းဆီလျှော်ပါတယ်..။နောက်ညာမောင်းကားပိုင်ရှင်တွေအနေနဲ့လဲ ကားလဲဘို့လိုအပ်လာတဲ့အခါ ဘယ်မောင်းကားတွေကိုပိုမိုစိတ်ဝင်စာမှု့များလာမှာဖြစ်တဲ့ အကြောင်း ခတ်မှီတိုးတက်တဲ့ယာဉ်မောင်းစနစ်ဖြစ်ပေါ်လာရေးကို ရှေးရှုပြီး..။ အများသူငါ နစ်နာမှု့မရှိပဲ ရှိပြီးသားဥပဒေ အချိန်တစ်ခုအတွှုင်းမှာ အသက်ဝင်လှုပ်ရှားနိုင်ရေး နဲ့ယဉ်အန္တရယ်လျှော့ချနိုင်ပါစေကြောင်း တွေးတောရေးသားလိုက်ရပါတယ်ခင်ဗျာ

(စက်တင်ဘာ 5 ရက် 2013 ထုတ် အော်တိုမိုဘိုင်းဂျာနယ်) ဒက်ပုံကို အရေကြို မှ ပို့ပေးပါသည်....။